Pages

Sunday, July 17, 2016

စတင်လေ့လာ Mobile Phone Hardware နည်းပညာ – အပိုင်း (၁)

စတင်လေ့လာ Mobile Phone Hardware နည်းပညာ – အပိုင်း (၁)
မိုဘိုင်းဖုန်းပြုပြင်ရေးပညာရပ်အား အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်နှိုင်သော သူများအတွက် အနည်းငယ်မျှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီးဒီဆောင်းပါးလေးကိုရေးဖြစ်လိုက်တာပါ။ မိုဘိုင်းဖုန်းဟတ်ဝဲပညာ ကိုစတင်လေ့လာတော့မယ်ဆိုရင် အခြေခံအားဖြင့် Mobile Phone Circuit ပြားများပေါ်တွင် ပါဝင်သော Capacitor/Resistor/Diode/Transistor/Coil အစရှိသည့် Component ပစ္စည့်များ ၏ အလုပ်လုပ်ပုံနှင့် ထိုပစ္စည်းများကောင်းမကောင်းတိုင်းတာရန်အတွက် Amalog Multimeter အသုံးပြုနည်း စသည့် Basic Electornic ကိုအနည်းငယ်နားလည်ထားရန်လိုအပ်သောကြောင့် Basic Electornicအဖြစ Amalog Multimeterအသုံးပြုနည်းနှင့်အထက်ပါပစ္စည်းများအလုပ်လုပ်ပုံနှင့်ကောင်းမကောင်းစစ်ဆေးပုံလေးကိုတဆင့်ခြင်းရှင်းပြပေးပါမယ်။ဦးစွာအနေနဲ့ Amalog Multimeter အသုံးပြုနည်း ကို အရင် ရှင်းပြပါမယ်…….. Amalog Multimeter ကို Electornic Circuit ပြားများပေါ်ရှိ Diode, Capacitor,Resistor ,Transistor ,Coil အစရှိသော Component ပစ္စည်းများကောင်းမကောင်းတိုင်းတာစစ်ဆေးသောအခါဖြစ်စေ Circuit ပြားများပေါ်ရှိပတ်လမ်းကြောင်းများအဆက်အသွယ်ကောင်းမကောင်းတိုင်းတာစစ်ဆေးသောအခါဖြစ်စေ AC Volt ,DC Volt အားများကိုတိုင်းသည့်အခါဖြစ်စေ ၊ Amper ကိုတိုင်းသည့်အခါဖြစ်စေ အလွန်အသုံးဝင်ပြီးမရှိမဖြစ်လိုအပ်ပါတယ်။ ပုံမှာမျှားပြထားတဲ့ 1 ဆိုတဲ့နေရာလေးကတော့ Ohm’s တိုင်းမယ်ဆိုရင်တန်ဘိုးဖတ်ရမဲ့နေရာလေးဖြစ်ပြီး 1.1 ဆိုပြီးပြထားတဲ့ X1,X10,X100,X1K,X100K ဆိုတဲ့နေရာတွေကတော့ မိမိတိုင်းတာမဲ့ Ohm တန်ဘိုးအနည်းအများပေါ်မူတည်ပြီး မီတာဖတ်ရလွယ်ကူအောင် ချိန်ညှိပေးရမဲ့ နေရာလေးတွေပါ။ X1 နေရာတွင်ထားပြီးတိုင်းပါကရလာသောတန်ဘိုးကို 1ဖြင့်မြှောက်ရပါမယ် ထို့အတူ X10 ဆိုပါကလဲ ရလာသည့်တန်ဘိုးကို 10 ဖြင့်မြှောက်ရပါမယ် ။ X100 = ရလာသည့်တန်ဘိုး X 100 ဖြစ်ပြီး ၊ X1K = ရလာသည့်တန်ဘိုး X 1000 ဖြစ်ပြီး ၊ X10K = ရလာသည့်တန်ဘိုး X 10000 ဖြစ်ပါတယ် ။

ပုံမှာမျှားပြထားတဲ့  2 ဆိုတဲ့နေရာလေးကတော့ DC V တိုင်းမယ်ဆိုရင်တန်ဘိုးဖတ်ရမဲ့နေရာလေးဖြစ်ပြီး 2.1 ဆိုပြီးပြထားတဲ့ 0.25 ,0.5 ,2.5 ,10,50,250,1000 ဆိုတဲ့နေရာတွေကတော့ မိမိတိုင်းတာမဲ့ DCV တန်ဘိုးအနည်းအများပေါ်မူတည်ပြီး မီတာဖတ်ရလွယ်ကူအောင် ချိန်ညှိပေးရမဲ့ နေရာလေးတွေပါ။ အဲနေရာအထူးသတိထားရမဲ့ အချက်လေးကတော့ မိမိတိုင်းတာမဲ့ DCV အားထက်မီတာမှာ မိမိရွှေးချယ် ထားသောစကေး က များနေမှ ရပါမယ် နည်းနေမယ်ဆိုရင်တော့ မိမိရဲ့ မီတာလေး ပျက်ဆီး သွားနှိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် DC12V ရှိတဲ့ နေရာတစ်ခုကိုတိုင်းမယ်ဆိုရင် မီတာရဲ့ စကေးကို DCV အမှတ်ပြထားတဲ့ နေရာတွေထဲက 50 ဆိုတဲ့နေရာမှာထားပြီးမီတာရဲ့ အနက်လက်တံကို ပတ်လမ်းရဲ့အနုတ် ( Ground ) မှာထားပြီး ကျန် အနီတစ်စဖြင့်မိမိတိုင်းချင်သောနေရာကိုတိုင်းရပါမယ်။ 2.5 လိုနေရာမှာထားပြီးတိုင်းမယ်ဆိုရင်မီတာပျက်တတ်ပါတယ်ခင်ဗျာ။
(ဆက်ရန်…)

Credit----ဆရာ Nay La (Nay La Electronic)

1 comment:

  1. dear i try to read firmware but i can't they inform i am not join blogger can add me?

    ReplyDelete